။ ပုံပြင်ကလေးနဲ့ ထိုသစ်ပင် ။

။ နေခြည်နုအေးတဲ့ထိုနေ့မိုးကောင်းကင်က တိမ်ပြာလေးပေါ့လောကအားလုံးတိတ်ဆိတ်ငြိမ်သက်သဘာဝကျတဲ့အချိန်အခါနဲ့ဓမ္မဖြစ်စဉ်ပြတဲ့ သစ်ပင်လေးတစ်ပင်။ ။ သူ့မှာသံယောဇဉ်အနုသယကိလေသာမာန်မာနအဝိဇ္ဇာ စတဲ့တရားတွေမရှိဘဲအဝိညာဏက (အသက်မရှိ)အဝိုင်းအဝန်းလေးပါ။ ။ သို့သော်သူ့မှာ အဲဒီတရားတွေကင်းလို့လောကအတွက် တင့်တယ်လေခြင်းပဲလို့ထင်ရလေရဲ့။ ။ ဆိုလိုက်ကြပါစို့လူမှာ လူလိုအတ္တသူ့မှာ လူလိုအတ္တမာနတွေအတ္တတွေ မရှိတာတော့ အမှန်ပဲ။ ။ ဒါပေမယ့်အဝိညာဏကပင်ရုပ်ဖြစ်ရလည်းသရုပ်မပျက်သရုပ်ကွဲအောင်နေပြသေပြရသေးတယ်လေ။ ။ ဒီနေ့တော့ဒီနေ့အဖို့တော့သစ်ပင်အိုချောက်အသက်ပျောက်ခဲ့ရလည်းသူ့မှာ အလှအတ္တကလေးကလောကအတွက် အကျိုးဆက်နေရင်သူသူငါငါဘယ်သူဘယ်ဝါပုံပြင်လေးတော့ရှိစမြဲပဲလေအတ္တသစ်ပင်လေးလားမာနသစ်ပင်လေးလားသူ့အကြောင်းနဲ့သူ့ပုံပြင်ပေါ့ဒီနေ့တော့ သစ်ပင်ချောက်လေးသူ့ပုံပြင်ပေါ့။ တောင်ကလေးဆရာတော် (အဲးခိုး)ခေတ္တ USA , ဝီလျံမြို့ကလေး။၁၇-၉-၂၀၁၅ ရက်နေ့။